လူထု ဗဟိုပြု စီမံကိန်း ပေါက်မြို့နယ် တည်ပင်ကန်ကျေးရွာ ရေစင် တည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း၊ စတုတ္ထနှစ် စက်ဝန်း‌‌ ‌ထောက်ပံ့ ရန်ပုံ‌ငွေနဲ့ လုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ပေါက်မြို့နယ် တည်ပင်ကန် ကျေးရွာအုပ်စု၊‌ တည်ပင်ကန်ကျေးရွာမှာ ရေစင် တည်ဆောက်ခြင်း လုပ်ငန်း၊ ရာနှုန်း ပြည့် ဆောင်ရွက် ပြီးစီးမှု သတ်မှတ် စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ ပေါက်မြို့နယ်၊ လူထုဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ ကျေးရွာ တာဝန်ကျ ဝန်ထမ်းတွေ၊ ကျေးရွာ ကော်မတီဝင်တွေက စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဲဒီ ကျေးရွာရဲ့ အဝီဇိ စက်ရေတွင်းကိုတော့ လူထု ဗဟိုပြု စီမံကိန်း လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံ‌ငွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ အခု အခါမှာတော့ စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ငွေနဲ့ ရေစင် တည်ဆောက်ပြီးတဲ့အတွက် အိမ်အရောက် ရေပိုက်လိုင်း သွယ်တန်းပြီးတော့ သုံးစွဲနေပြီ ဖြစ်ပါတယ်။

ဒီ အကြောင်းကို တည်ပင်ကန် ကျေးရွာနေ လူထု ဗဟိုပြု စီမံကိန်း အထောက်အကူ ပြု ကော်မတီဝင်၊ ကျေးရွာ စီ/ ထောက် ဥက္ကဌ ဦးတင်စိုးဝင်းက အခုလိုပဲ ပြောထားပါတယ်။

“ကျနော်ကတော့ တည်ပင်ကန် ကျေးရွာ လူထု ဗဟိုပြု စီမံကိန်း ရဲ့ စီ/ထောက် ဥက္ကဌ မောင်တင်စိုးဝင်းပါ။ ကျနောတို့ ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း ဝင်ရောက်လာခြင်း အတွက် ကျနော်တို့ ကျေးရွာအတွက် အကျိုးကျေးဇူး မြောက်မြားစွာ ရရှိခဲ့ပါတယ်။ ကျနော် တို့ ကျေးရွာမှာ ဆိုရင် လူထု ဗဟိုပြု စီမံကိန်းဟာ ယခုနှစ်ပါ ဆိုရင် စီမံကိန်း စက်ဝန်း စတုတ္တနှစ် နောက်ဆုံးနှစ်ကို ရောက်ရှိလို့ လာပါပြီ၊ ကျနော်တို့ ကျေးရွာ အနေနဲ့ လူထု ဗဟိုပြု စီမံကိန်းမှာ အထောက်အပံ့ပေးခဲ့တဲ့ အရာတွေ အနေနဲ့ ဆိုရင် ပထမ ဦးဆုံး နှစ်မှာ ဒီ လက်ရှိ ရွာလယ် အဝိုင်း ခြံစည်းရိုးရယ်၊ ရေသွင်း ဆိုလာပန့် ပထမ ဦးဆုံးနှစ်မှာ စတင် အကောင်အထည်ဖော် ခဲ့ပါတယ်၊ ဒုတိယနှစ်မှာ ဆိုရင်တော့ ကျေးရွာ မီးလင်းရေး မီးတိုင်များကို အကောင်အထည်‌ ဖော်ခဲ့ပါတယ်။

တတိယနှစ်မှာ ဆိုလို့ ရှိရင် ကျေးရွာ စုရပ်ဆောင် နဲ့ ရွာ လယ် မြေနီလမ်း ခင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုနှစ် စတုတ္ထနှစ် နောက်ဆုံးနှစ်မှာ ဆိုလို့ ရှိရင် စာသင်ကျောင်း ခြံစည်းရိုး အုတ်တံတိုင်းနဲ့ ဒီလက် ရှိ ကျနော်တို့ ရွာလယ် ရေစင်ကြီးကို ပြီးစီးအောင် အကောင်အထည်ဖော် နိုင်ခဲ့ပါတယ်။ ယခုလို ကျနော်တို့ လူထု ဗဟိုပြု စီမံကိန်း ကြီးမှ ကျနော်တို့ ကျေးရွာအတွက် ထောက်ပံ့ပေးတဲ့အတွက် ကျနော်တို့ ကျေးရွာမှာ လက်ရှိ သောက်သုံးရေများလည်း အိမ်တိုင်ရာရောက် ရေမီတာနဲ့ ပိုက်လိုင်းတွေနဲ့ သွယ်တန်းပြီး၊ အဆင်ပြေ ချော့မွေ့ စွာ အသုံးပြုနေရတဲ့အတွက် ကျနော်တို့ လူထု ဗဟိုပြု စီမိကိန်းကြီးကို အထူး‌ ကျေးဇူးတင်ရှိ ပါတယ်၊ လူထု ဗဟိုပြု စီမံကိန်း မဝင်ခင် အချိန်နဲ့ ဝင်ပြီး အချိန်မှာ ဆိုလို့ရှိရင် သိသိသာသာ ပြောင်းလဲ တိုးတက်လာမှု အဆင်ပြေလာမှုကို တွေ့မြင်ရတဲ့အတွက် ကျနော်တို့ လူထု ဗဟိုပြု စီမံကိန်း ကြီးကို ကျနော်တို့ ကော်မတီဝင်တွေရဲ့ ကိုယ်စား၊ ကျေးရွာရဲ့ ကိုယ်စား အများကြီး ကျေးဇူးတင်ရှိပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်”

တည်ပင်ကန် ကျေးရွာ ရေစင်တည်ဆောက်ခြင်း လုပ်ငန်းအတွက် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၈၀ နဲ့ ရေဂါလံ ၃၀၀၀ ဆံ့တဲ့ ရေစင်တည်ဆောက် တဲ့ လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ အခုအခါမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်) ၊ မျိုးဝင်းထွန်း (CSAGS)

Credit- SkyNet Media Coverage