ဆောမြို့နယ် ဆီမီးကျေးရွာ မီးကြိုးမီးတိုင် သွယ်တန်းခြင်းအတွက် လူထု စစ်ဆေးပွဲပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတဲ့ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လူထု‌ဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း) ဆီမီးကျေးရွာအုပ်စု ဆီမီးကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက် ခဲတဲ့ မီးကြိုးမီးတိုင် သွယ်တန်းခြင်း လုပ်ငန်းဟာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်တဲ့အတွက် လူထုဗဟိုပြု စီမံကိန်းရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ လူထုစစ်ဆေးပွဲကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်တယ်လို့ သိရပါတယ်။

စီမံကိန်းလုပ်ငန်းစဉ်တစ်လျှောက်မှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာကော်မတီတွေက ကျေးရွာအတွင်းမှာရှိတဲ့ လူထုတွေ အားလုံး သိရှိနိုင်ဖို့ အသံချဲ့စက်တွေနဲ့ ရှင်းပြတာ ဘဏ္ဍာရေး ၀ယ်ယူရေးဆိုင်ရာ အသုံးစာရင်းတွေကို ကျေးရွာအတွင်းလှည့်လည်ပြီးတော့ အသံချဲ့စက်နဲ့ လှည့်လည် ကြော်ငြာတာ ကျေးရွာကြော်ငြာသင်ပုန်းနဲ့ လူအများမြင်သာတဲ့ နေရာတွေမှာ ရှင်းတမ်းတွေကို ကပ်ခြင်းတွေကို ပြုလုပ်ခဲ့ကြပြီး ကျေးရွာလူထုတွေ အနေနဲ့ စီမံကိန်းရဲ့ လုပ်ငန်းစဉ်နဲ့ ရလဒ်အပေါ် စိတ်ကျေနပ်မှုကို သိရှိနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်စာတမ်းတွေ ပေးဝေပြီး၊ ကောက်ယူတာကို ကျေးရွာတာ၀န်ခံ လက်ထောက် နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူး နဲ့ နယ်မြေ၄ ဧရိယာအတွင်းမှာရှိတဲ့ ၀န်ထမ်းတွေ က ဦးဆောင်ပြီး၊ ကျေးရွာကော်မတီ၀င်တွေနဲ့ ပူးပေါင်းကာ လမ်းညွှန်ချက်တွေ အညီ ကောက်ယူခဲ့ကြပါတယ်။

အဲဒီနောက် မဲရလဒ်တွေကို စီစစ်စုစည်းကာ ပြန်လည်ကြေငြာခြင်းတွေ ပြုလုပ်ခဲကြပြီး ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော်ခဲ့တဲ့ ကာလအတွင်း စီမံကိန်း ၄ နှစ်လုံးမှာ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ကြတဲ့ ကျေးရွာကော်မတီ၀င်တွေကို နယ်မြေ(၄) အဖွဲ့ခေါင်းဆောင် ဒေါ်မြရတနာ၀င်းက ဂုဏ်ပြုမှတ်တမ်းတွေကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank