ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများစစ်ဆေး

တံတားဦး ဩဂုတ် ၃၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ဥတည် ကျေးရွာအုပ်စု မြောက်ဈေးကြီးရပ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တိုင်းဒေသကြီး ဦးစီးမှူးမှ စစ်ဆေးကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရာသို့ မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ ကျေးရွာလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များ လိုက်ပါပြီး စစ်ဆေးရာ တိုင်းဒေသကြီး ဦးစီးမှူးမှ မိမိတို့ ဦးစီးဌာန အနေဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများ ၊ ဆောက်လုပ်ရေး လုပ်ငန်းများကို စီမံကိန်း ကာလနှင့် ဆောင်ရွက်သည့်ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ကြရန် လိုကြောင်း ၊ ယခုဆောင်ရွက် သော ဥတည် ကျေးရွာအုပ်စု မြောက်ဈေးကြီးရပ်တွင် ကျောက်ရောမြေ လမ်းခင်းခြင်းနှင့် ရေတားတမံဆောင်ရွက်မှုတို့မှ ရေရှည်တည်တံ့ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး အလုပ်သမားများအနေဖြင့် လုပ်ငန်း ခွင်တွင် ဘေးအန္တရာယ်မဖြစ်စေရေး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျ ဆောင်ရွက်ရေးတို့ကို ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက လုပ်ငန်းခွင်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြ ဆွေးနွေးခဲ့သည် ။

ဥတည် ကျေးရွာအုပ်စု မြောက်ဈေးကြီးရပ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျောက်ရောမြေလမ်းမှာ အလျား ၈၅၀ ပေ အကျယ်(၁၂) အမြင့် (၆)လက်မ ၊ရေတားတမံ တည်ဆောက်မှုမှာ အလျား ပေ(၃၀၀) အကျယ် (၆) ပေ ၊ အမြင့် (၃)ပေဖြင့် စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်း ထံမှသိရသည် ။

ရဲတင့်(တံတားဦး-ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/7706