မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ မီးလင်းရေး ရေအားလျှပ်စစ်လုပ်ငန်း အတွက် လူထုစစ်ဆေးပွဲ ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်း​ ခေးခရိုင် မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းနှစ်တွင် မီးလင်းရေး၊ ရေအားလျှပ်စစ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားခဲ့တဲ့ ကဒူး​ကြီးအုပ်စု မိုက်ဟိုင်းကျေးရွာမှာ လူထုစစ်ဆေးပွဲကိုတော့ ဩဂုတ်လ ၂၇ ရက်နေ့က ကျင်းပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဆောင်ရွက်ရာမှာ လူထုရဲ့ လုပ်ပိုင်ခွင့်နဲ့ ပူးပေါင်း ပါဝင်မှုကို မြှင့်တင်ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနဲ့ သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှုအဖွဲ့များအနေနဲ့ ကျေးရွာလူထု အပေါ် တာဝန်ယူမှု ၊ တာဝန်ခံမှု သေချာစေရန် နဲ့ ကျေးရွာလူထုများမှ မိမိတို့၏ထင်မြင်ယူဆချက်များကို ပိုမိုထုတ်ဖော် ပြောဆိုတတ် လာပြီး ဝေဖန်အကြံပြုချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ်ချက်များနဲ့ ကျင်းပြုလုပ်ရခြင်း ဖြစ်ပါတယ်။

ယခု ဒုတိယနှစ် စက်ဝန်းမှာ ကဒူးကြီး ကျေးရွာအုပ်စု မိုက်ဟိုင်းကျေးရွာက လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၁၉ သိန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ ၅၃ သိန်း စုစုပေါင်း ၁၇၂သိန်း နဲ့ မီးလင်းရေး ရေအားလျှပ်စစ် လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီး အိမ်ခြေ ၁၂၀ အိမ် အိမ်ထောင်စု ၁၂၃ စု နှင့် ကျေးရွာလူထု ၆၁၉ ဦးကို အကျိုးပြု သွားမှာဖြစ်ကြောင်း သိရပါတယ်။

သတင်း -ဉာဏ်လင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage