ခန္တီးမြို့နယ် Cash for Work စီမံကိန်းလုပ်ငန်းများ တိုင်းဒေသကြီးဦးစီးမှူး ကွင်းဆင်းစစ်ဆေးခြင်း

ခန္တီး သြဂုတ် ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် Cash For Work (CFW) စီမံကိန်းကျေးရွာများဖြစ်သော စိန်နန်းအုပ်စု၊ ဖားမောင်ကျေးရွာများရှိ ရွာတွင်း လမ်းသဲကျောက်ခင်းခြင်း (Filling) (၁၂၄၅'x၁၂'x၉")နှင့် ရေမြောင်းတူးခြင်း(၁၂၄၅'x၂'x၂'x၂) လုပ်ငန်း၊ ဆင်သေကျေးရွာ အုပ်စု၊ လက်ဖက်ခင်းကျေးရွာရှိ ရွာတွင်း လမ်းသဲကျောက်ခင်းခြင်း (Filling) (၁၆၂၀'x၁၈'x၉")နှင့် ရေမြောင်းတူးခြင်း (၁၆၂၀'x၁'x၁'x၂)၊ မှန်ပင် ကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာရှိ ရွာတွင်းလမ်း သဲကျောက်ခင်းခြင်း (Filling)(၂၂၇၇'x၁၀'x၉") နှင့် ရေမြောင်းတူးခြင်း (၂၂၇၇'x၁'x၁'x၂)၊ မှန်ပင်ကျေးရွာအုပ်စု၊ တိန်အင်ကျေးရွာ ရွာတွင်းလမ်း ပြုပြင်ခြင်း (၂၃၀၀'x၁၂'x၆")နှင့် ရေမြောင်းတူးခြင်း (၂၃၀၀'x၁'x၁'x၂) လုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေများအား သြဂုတ်လ ၂၂ ရက်နေ့တွင် တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးနှင့် တိုင်း CFWတာဝန်ခံအဖွဲ့၊ ခရိုင်ဦးစီးမှူး ဦးစန်းမိုးနှင့်မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဟန်နွဲ့နှင့် ဝန်ထမ်းများကကွင်းဆင်း၍ ကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Cash for work (CFW) စီမံကိန်းသည် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ် နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းဖြစ်ပြီး ခန္တီးမြို့နယ်အတွင်း ကျေးရွာ(၁၃) ရွာတွင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမ်းအင်းလမ်း(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/6247