စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် CASH FOR WORK အစီအစဉ်ဖြင့် ရေပေးမြောင်းလက်တံများ ချုံနွယ်ရှင်းလင်းခြင်းနှင့် သဲနှုန်းဆယ်ယူခြင်း လုပ်အားခများပေးအပ်

ချောင်းဦး ဩဂုတ်၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ သုံးပန်လှ အောင်စေပိုင်စေ၊ ရွှေလှေ (ဗန္ဓုလ)မြစ်ရေတင် လုပ်ငန်းများတွင် လက်တံမြောင်းများ ချုံနွယ်ရှင်းလင်းခြင်း၊ မြောင်းရေသွား လမ်းတစ်လျောက် သဲနှုန်း ဆယ်ယူ ခြင်း လုပ်ငန်းများအတွက် လုပ်အား ခပေးအပ်ပွဲကို ယမန်နေ့က နေရာသုံးနေရာတွင် ကျင်းပပြု လုပ်ခဲ့သည်။

 

မုံရွာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသက်လွင်ဦးနှင့် တာ၀န်ရှိသူများ ရောက်ရှိလာပြီး နံနက်(၁၀)နာရီ အချိန်က သုံးပန်လှ မြစ်ရေ တင်လုပ်ငန်း နေရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ရေကော်မတီ၀င်များ လက်၀ယ်သို့ လုပ်အားခငွေ (၁၃၅၀၄၀ဝိ)ကျပ် ပေးအပ်ခဲ့သည်။ နံနက်(၁၀)နာရီ ခွဲအချိန် အောင်စေပိုင်စေ မြစ်ရေတင် လုပ်ငန်းနေရာ ရောက်ရှိပြီး ရွှေလှေကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်းထိုက်နှင့် ရေ ကော်မတီ၀င်များအား လုပ်အားခငွေ (၉၂၃၀၀ဝိ) ကျပ် ပေးအပ်ခဲ့သည်။

 

ထို့နောက် နေ့လယ်(၁၂)နာရီအချိန် ရွှေေလှေ (ဗန္ဓုလ)မြစ်ရေတင် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဦးသက်လွင်ဦးမှ ရေကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီ၀င်များအား လုပ်အားခ (၆၄၂၀၀ဝိ) ကျပ် ပေးအပ်ခဲ့သည်။

 

ကိုဗစ်-19 ကာလ ကုစားမှုအစီအစဉ်အရ မိမိတို့ဒေသ အသုံးပြုနေသောလုပ်ငန်းများ ကောင်းမွန်အဆင်ပြေ စေရေးအတွက် ပြုလုပ် သည့်လုပ်ငန်းများအား မိမိတို့ကိုယ်တိုင် ပါ၀င်လုပ်ကိုင်စေပြီး ၄င်းတန်ဖိုးနှင့် ညီမျှသည့် လုပ်အားခငွေေကြေးအား နိုင်ငံတော်မှ ပြန်လည်ထောက်ပံ့စေသည့် CASH FOR WORK အစီအစဉ်ဖြင့် လုပ်ငန်းများ လုပ်ကိုင်စေခဲ့ရာ အဆင်ပြေအောင်မြင်လျက်ရှိကြောင်း သိရှိရသည်။

 

၀င်းမြင့်အောင် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/6350