ပင်လည်ဘူးမြို့နယ်၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော Cash for Work စီမံကိန်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပင်လည်ဘူး ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဟန်ဖဲကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော(Cash for Work) စီမံကိန်းလုပ်ငန်းဖြစ်သည့် ကျေးရွာတွင်းရေမြောင်း တူးဖော်ခြင်း လုပ်ငန်း၊ ရွာတွင်း ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ဂါလံ (၂၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် ဆောင်ရွက်နေသော (Cash for Work) စီမံကိန်းလုပ်ငန်းများမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ပင်လည်ဘူးမြို့နယ်တွင် တစ်ရွာလျင် ငွေကျပ် သိန်း ၁၀၀ ဖြင့်(Cash for Work) စီမံကိန်းလုပ်ငန်းများကို အလယ်စု ကျေးရွာ၊ တံတားကိုင်းကျေးရွာ၊ ဟန်ဖဲကျေးရွာ၊ သာစည်ကျေးရွာ၊ ဝါးရုံသာကျေးရွာနှင့်ဥသျှစ်ကုန်းကျေးရွာ ကျေးရွာ ၆ ရွာတွင် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်နေသော လုပ်ငန်းများမှာ ရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်း၊ ရွာတွင်းလမ်းဘေး ရေနှုတ်မြောင်းတူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်း၊ ကျေးရွာ ဘော့လုံး ကွင်း တည်ဆောက်ခြင်းများဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန် စံညွှန်း ကိုက်ညီရေးတို့ကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မျိုးလွင်(ပင်လည်ဘူး)

https://www.moi.gov.mm/iprd/news/6085