တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဂန့်ဂေါမြို့နယ်ရှိ Cash for Work စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် အဖွဲ့ဟာ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ ကုက္ကား ကျေးရွာမှာ ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

 

ဒေါက်တာ အောင်မိုးညိုနဲ့အဖွဲ့ဟာ ကုက္ကားကျေးရွာမှာ ဆောင်ရွက်နေတဲ့ ရွာတွင်းလမ်း ကျောက်ခင်းတာနဲ့ ရေမြောင်း ပြုပြင်တဲ့ လုပ်ငန်းတွေကို သွားရောက် ကြည့်ရှု့ စစ်ဆေးကြတာပါ။

 

ဝန်ကြီး ချုပ် ဒေါက်တာ အောင်မိုးညိုနှင့် အတူ တိုင်းဒေသကြီး သံယံဇာတ သဘာဝ ပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြပါတယ်။

 

သတင်း - သန်းနိုင်ဦး (ငဖဲ)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage