နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် စံတုံနောက်အင်းကျေးရွာတွင် Cash for work စီမံကိန်းဖြင့် ဆိုင်ကယ်လမ်း (၃/ဝ)မိုင် ဖောက်လုပ်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

လဟယ် သြဂုတ် ၆

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for work စီမံကိန်းအနေဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စံတုံနောက်အင်းကျေးရွာတွင် တောင်ယာလမ်း (၃/ဝ)မိုင်အား ဆိုင်ကယ်လမ်း‌အဖြစ် လမ်းအကျယ်(၆)ပေ အကျယ်ဖောက်လုပ်ခြင်း လုပ်ငန်းကို ဩဂုတ်လ (၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးမှု အနေဖြင့် (၇၀)ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။

 

၎င်းကျေးရွာလမ်းသည် လဟယ်-ဒုံဟီး-နန်းယွန်းလမ်းမကြီးသို့ ဆက်သွယ်ဖောက်လုပ်နေပြီး အဆိုပါလမ်း ဖောက်လုပ်ပေးမှုကြောင့်‌ ကျေးလက် ကုန်ထုတ်လုပ်ငန်းမှာ များစွာ အထောက် အကူ ပြုနိုင်မည့်အပြင် ကျေးရွာပြည်သူများလည်း အဆိုပါလမ်းဖောက်လုပ်ခြင်းကြောင့် ဝင်‌ငွေရရှိမှာ ဖြစ်ကြောင်း လဟယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်းထံမှသိရသည်။

 

ရှားဆက်

 

https://www.moi.gov.mm/iprd/news/2983?fbclid=IwAR3fopXKI75L82DsFSFH4PRCzjWZ9_pYjK32T_6jDtznRhwdxsD_7fb51BQ