ကိုဗစ် - ၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် လေးမျက်နှာမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Cash for work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Cash for Work Activities under Covid-19 Economic Relief Plan in Lemyethna Monitored by Respective Officials

Ayeyarwaddy, 14 October 2020, Ministry of Information

လေးမျက်နှာ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ‌လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေး‌/လက်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများ က ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ (Cash for work) စီမံကိန်းလုပ်ငန်းများ အကော်အထည် ဖော်ဆောင် ရွက်နေသည့် လေးမျက်နှာမြို့နယ်၊ ရှားဖြူကျင်း ကျေးရွာအုပ်စု ရှားဖြူကျင်း ကျေးရွာ ရွာအဝင်လမ်း ကွန်ကရစ်ဘီး လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများအား အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)

ဧရာဝတီတိုင်းဒေသကြီး

https://www.moi.gov.mm/iprd/news/16292