နမ့်စန်တွင် Cash for Work နှင့် Village Revolving Fund Project စီမံကိန်းကျေးရွာများအား စီမံကိန်း တာဝန် များ လွှဲပြောင်းပေးအပ်

နမ့်စန်(တ)    ဇူလိုင် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work နှင့် Village Revolving Fund Project (CFW &VRFP) စီမံကိန်းကျေးရွာများအား စီမံကိန်းတာဝန်များ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့  နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ နှင့် ဦးစိုင်းလုံတို့က အမှာစကားပြောကြား ခဲ့ကြပြီး မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးဝင်း က စီမံကိန်းတာဝန်များ လွှဲပြောင်း ပေးအပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် Cash for Work နှင့် VRFP စီမံကိန်းကျေးရွာကော်မတီဥက္ကဌတို့ အကြား စီမံကိန်းတာဝန်လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က ထင်းရှူးမြိုင် ကျေးရွာအတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကိုလည်းကောင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က နောင်စန့် ကျေးရွာအတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကို လည်းကောင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ က ခါနန်ရွာသစ်ကျေးရွာ အတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကိုလည်းကောင်း ၊ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာမင်း က နောင်အိမ် ကျေးရွာအတွက် စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၂၀၀ ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး မြို့နယ် ကျေးလက်ဦးစီးမှူး ဦးကျော်စိုးဝင်း နှင့် မြို့နယ်အဆင့်ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အမှတ်(၁) ကျေးရွာအတွက် ကျပ်သိန်း ၂၀၀ ၊ နမ့်ကျိုင်း ကျေးရွာ အတွက် ကျပ်သိန်း (၁၀၀) ၊ နောင်ဘိုကျေးရွာအတွက် ကျပ်သိန်း(၁၀၀) ၊ ပန်ဆာကျေးရွာ အတွက် ကျပ်သိန်း(၁၀၀) ၊ လွိုင်စန့်ကျေးရွာအတွက် ကျပ်သိန်း(၁၀၀) ၊ ဝမ်ဟင်ကျေးရွာအတွက် ကျပ်သိန်း (၁၀၀) နှင့် ဝမ်မိုင်ကျေးရွာအတွက် ကျပ်သိန်း(၁၀၀) တို့ကို ပေးအပ်ခဲ့ပြီး ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ကော်မတီ ဥက္ကဋ္ဌ များ နှင့် ကျေးရွာ Cash for Work စီမံကိန်းကော်မတီ ဥက္ကဋ္ဌ များက လက်ခံရယူခဲ့ကြသည်။

သူရအောင်(ပြန်/ဆက်)