လှိုင်းဘွဲ့မြို့နယ်တွင် Cash For Work စီမံကိန်းနှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ကျေးရွာ ကော်မတီဝင်များအား သင်တန်း ပို့ချ

လှိုင်းဘွဲ ၁၄ ဇူလိုင်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ကျေးရွာ ကော်မတီဝင်များအား သင်တန်းပို့ချခြင်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းကို နိုင်ငံတော် ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်း ကျေးရွာများဖြစ်သော ရေမင်းသာယာကျေးရွာ၊ မဲလောင်းလေးကျေးရွာ၊ မိုးနိုင်းဘုရား ခြေရင်းကျေးရွာ စုစုပေါင်းကျေးရွာ(၃)ရွာမှ ကော်မတီဝင်(၂၁)ဦးအား စီမံကိန်းအတွက် စီမံခန့်ခွဲမှုနှင့် FORM ပုံစံများ ဖြည့်သွင်းခြင်း၊ လုပ်ငန်းများအား ရွေးချယ်ခြင်း၊ စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် ဝန်ထမ်းများက သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်( ပြန်/ဆက် )

http://www.mdn.gov.mm/my/liungbhaimiunyttng-cash-work-ciimnkinnng-keraamttnnyrnpunnge-ciimnkin-keraa-keaamttii-wngmaaaaa