မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် တောင်ဘက်ရွာတွင်ကျေးရွာကူးတံတားတည်ဆောက်

ထီးလင်း ဇူလိုင် ၈

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် သရခါကျေးရွာအုပ်စု၊ တောင်ဘက်ကျေးရွာ၌ ရွာအရှေ့ဘက်ပိုင်းနှင့် အနောက်ဘက်ပိုင်းတို့ကိုဆက်သွယ်နိုင်သည့် ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေမြောင်းကို ကျေးရွာကူးတံတားအဖြစ် ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းက ယခုနှစ်တွင်တည်ဆောက်ထားသည်။

 

အဆိုပါတံတားမှာအလျား ၁၅ ပေ၊ အကျယ် ၁၅ ပေ ၊ အမြင့်၁၇ ပေရှိပြီးကျေးရွာရှိ အိမ်ထောင်စု ၈၃ အိမ်မှလူဦးရေ ၄၄၉ ဦး အတွက် အကျိုးခံစားခွင့် ရရှိကာ လူထုဗဟိုပြုစီမံကိန်းမှ ပံ့ပိုးငွေ ၁၁၆၃၀၀၀၀ကျပ်ဖြင့် သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ထား ခြင်း ဖြစ်ကြောင်းသိရသည်။

 

တံတားတည်ဆောက်ရာသို့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအေးမင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်တွင် သွားရောက်ကွင်းဆင်းကြည့်ရှု၍ တံတား၏ အလျား၊အနံ၊အမြင့် အတိုင်းအတာများ မှန်ကန်မှုရှိမရှိ၊ နည်းပညာ ပိုင်းဆိုင်ရာနှင့် ပစ္စည်းအရည်အသွေးပိုင်းဆိုင်ရာများကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား မှာကြားသွား ကြောင်းသိရသည်။

 

အောင်စည်(ပြန်/ဆက်)

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/8/07/2020/id-23215