မဘိမ်း မြို့နယ်တွင် Mask Campaign ပြုလုပ်

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ် ခရိုင် မဘိမ်း မြို့နယ်တွင် မြို့နယ် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ Mask Campaign ကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ Mask Campaign ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို မြို့နယ် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံ ဦးဆမ်သိန်းက ယခုလို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

“ အားလုံးပဲ မင်္ဂလာပါ၊ ယနေ့လုပ်တဲ့ အခမ်းအနားကတော့ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ပြီး အကောင်အထည်ဖော်တဲ့ လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) မှာ မဘိမ်း မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှာ ကျနော်ကတော့ စီမံကိန်း တာဝန်ခံ ဦးဆမ်သိန်းပါ၊ ကျနော်တို့ ဒီနေ့ လုပ်တဲ့ အခမ်းအနားကတော့ Mask Campaign ပါ၊ ကျနော်တို့က ဒီ Covid ကာလ ကိုရိုနာ ဗိုင်းရပ်စ် ပညာပေးအနေနဲ့ ကျနော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး ကျနော်တို့ မဘိမ်းမြို့နယ် မြို့ပေါ် ရပ်ကွက်အတွက် Mask တစ်ထောင် အခမဲ့ ဖြန့်ဝေ ခြင်း ဖြစ်ပါတယ်။ Mask ဖြန့်ဝေ ခြင်းအတွက် ကိုရိုနာ ဗိုင်းရပ်စ် ကာလအတွင်း တစ်ဦး တစ်ယောက်ချင်း Mask တပ်ဆင်ဖို့ ပညာပေး အခမ်းအနားလဲ ဖြစ်ပါတယ်။ အဲလို တပ်ခြင်းအားဖြင့် သူ့တစ်ယောက် အတွက် ရောဂါ ကူးစက်မှု ကာကွယ်ဖို့ ပိုပြီး ထိရောက်တယ်လို့ ယူဆလို့ ကျနော်တို့ ဒီ အခမ်းအနားကို ကျင်းပရ ခြင်း ဖြစ်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်”

အဆိုပါ Mask Campaign ပြုလုပ်ရာသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဌ ဦးကျော်နိုင်၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးနဲ့ ဝန်ထမ်းများ၊ လူထုဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံ ဦးစံသိန်းနဲ့ ဝန်ထမ်းများ၊ မြို့နယ် မီးသတ် ဦးစီးမှူးနဲ့ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြန်လည် လျော်ဖွတ် အသုံး ပြုရသည့် Mask တစ်ထောင်ကို ပြည်သူ လူထု လက်ဝယ် အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါတယ်။

သတင်းရိုက်ကူးပေးပို့သူ- ဦးမျိုးမင်း၊ မြို့နယ်ဦးစီးမှူး

သတင်း - မဘိမ် (ပြန်/ဆက်)

MOI Web Portal

Ministry of Information

https://www.youtube.com/watch?v=ijwU7OHJQHc&fbclid=IwAR1Nwtbg7vDvUhAgPOH7xgGFVIC6u3HUXbIddbMTpj-lW1n0JX1cxu_Jup4