ပေါက်မြို့နယ် သပွတ်စု ကျေးရွာတွင်း မြေနီလမ်း ခင်း၊ ရေမြောင်း ပြုပြင်

“ကျေးလက် လူထု အခြေပြု၊ ဖွံ့ဖြိုးမှုကို တို့ရှေ့ရှု့” ဟူသော ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ သပွတ်စု ကျေးရွာ အုပ်စု၊ သပွတ်စုကျေးရွာ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်းနဲ့ ရေမြောင်း ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ကြည့်ရှု့ခဲ့ပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာ အကြံပေး၊ ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက လုပ်ငန်းများ အချိန်မှီ ပြီးစီးရေး ဆောင်ရွက်ကြရန် လက်ထောက် နည်းပညာမှူး ဒေါ်ခိုင် သီတာဆွေ၊ လူထု စည်းရုံးရေးမှူး ဦးခိုင်ဇော်ဝင်းတို့က လုပ်ငန်း ကော်မတီ ဝင်များနဲ့ တွေ့ဆုံပြီး၊ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု့ခဲ့ရာ လိုအပ်သည့် နည်းပညာများကို လုပ်ဆောင်နိုင်ရန် လမ်းညွှန်ခဲ့ပါတယ်။

 

အဆိုပါ ကျေးရွာ ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းမှာ အရှည်ပေ ၅၀၀၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မ ရှိတဲ့မြေနီလမ်းနဲ့ အရှည် ပေ ၇၅၀ ၊ အကျယ် ၂ ပေ ၃ လက်မ၊ အမြင့် ၁ ပေ ၉ လက်မကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၇၆ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပြန်/ဆက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank