ပေါက်မြို့နယ်အတွင်း ကျေးရွာတွင်းလမ်း အုတ်စီ ရေမြောင်းဆောင်ရွက်မှု ကြည့်ရှု့စစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သမားတော် ကျေးရွာ အုပ်စု ထန်းနယ်တောကျေးရွာ ကျေးရွာတွင်းလမ်း အုတ်စီ ရေမြောင်းဆောင်ရွက်မှု အခြေအနေတွေကို တာဝန်ရှိသူတွေက မေလ ၂၇ ရက်နေ့ မနက် ၉ နာရီမှာ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး စောင့်ကြည့် ကြီးကြပ်ရေး တာဝန်ခံ ဦးသန်းလှိုင်စိုးက လုပ်ငန်းတွေ အချိန်မှီ ပြီးစီးဖို့ လိုအပ်ကြောင်း၊ တိုင်း Infra ဦးကျော်သာ ဖြူက လုပ်ငန်းကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်းဆောင်ရွက်မှုတွေကို ကွင်းဆင်းကြည့်ရှု့ရာမှာ လိုအပ်တဲ့ နည်းပညာတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် လမ်းညွှန်ခဲ့ပါတယ်။

အဲဒီ ကျေးရွာတွင်းလမ်း အုတ်စီရေမြောင်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် ၈၁ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေ ရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank