ပန်းတောင်း မြို့နယ်တွင်း လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပန်းတောင်း မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း ပြီး လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ပံ့ပိုးငွေ ဖြင့် အကောင်အထည်ဖော်လျက် ရှိတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ စံချိန်စံညွှန်းနဲ့ အညီ သတ်မှတ်ကာလ ပြီးစီးရေး ဆောင်ရွက်မှုကို ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်း က ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြောင်း သိရပါတယ်။

 

ထိုသို့ ကွင်းဆင်း စစ်ဆေးရာမှာ ပန်းတောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ တာဝန် ရှိသူများက ငွေကျပ် ၅၅၇ သိန်းဖြင့် ဆောင်ရွက်လျက်ရှိတဲ့ မသုံ၊ မြောက်ဘက်ခုံ၊ ဖရုံကားကျေးရွာ ချင်းဆက် မြေသား လမ်းကြမ်း ဖောက်လုပ်ခြင်း လုပ်ငန်းနဲ့ လှည်းကူး ကျေးရွာမှာ ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို စစ်ဆေးခဲ့ကြပြီး၊ စံချိန် စံညွှန်းနဲ့ အညီ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးနိုင်မှု ရှိမရှိ၊ သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများကို မေးမြန်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank