ပေါက် မြို့နယ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ် ပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ လူထု စည်းရုံးရေးမှူးများနဲ့ လက်ထောက် နည်းပညာမှူးများက စီမံကိန်းမှ ကျေးရွာတိုင်း ဆောင်ရွက်ထားရှိတဲ့ ကြော်ငြာသင်ပုန်းများမှာ ကျန်းမာရေး ဝန်ကြီးဌာနက ဖြန့်ဝေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ် ပညာပေး လက်ကမ်းစာစောင်များကို မတ်လ ၂၈ ရက်နေ့က စတင်ပြီး၊ ပညာပေး လုပ်ငန်းများကို ကျေးရွာအရောက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ ပညာပေးလုပ်ငန်းများကို ပေါက်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျောက္ကာကျေးရွာ အုပ်စု၊ လယ်လောင်း ကျေးရွာ အုပ်စု၊ ဝင်းချုံး ကျေးရွာအုပ်စု များမှာ ရှိတဲ့ ကျေးရွာသူ ကျေးရွာသား များကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ နဲ့ ပတ်သတ်တဲ့ ပညာပေး လက်ကမ်းစာစောင်များကို လူထုဗဟိုပြု စီမံကိန်း မှ ပြုလုပ်ထားတဲ့ ကြော်ငြာ သင်ပုန်းများမှာ ကြေညာပေးခြင်း၊ ကျေးရွာ အသံချဲ့စက်များဖြင့် ကျေးရွာအတွင်း လှည့်လည် ပညာပေးခြင်းတို့ကို စတင် ဆောင်ရွက်လျက်ရှိပါတယ်။

ဆက်လက်ပြီး လူထုဗဟိုပြု စီမံကိန်း ကနေပြီးတော့ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိတဲ့ ကျေးရွာအုပ်စု ၇၁ အုပ်စု ကျေးရွာ ၂၆၁ ရွာကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ နဲ့ ပတ်သတ်တဲ့ ပညာပေးလုပ်ငန်းများကို ကျေးရွာ တာဝန်ကျ ဝန်ထမ်းများက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းမှ သတင်း ပြန်ကြား ဆက်သွယ်ရေး တာဝန်ခံ နည်းပညာ အကြံပေး ဦးမျိုးဝင်းထွန်းက ပြောပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank