ထီးချိုင့် ကျေးရွာ ရွာတွင်း သဲကျောက်လမ်းခင်း ဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ကမ္ဘာ့ဘဏ်အကူအညီနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ တောင်နီ ကျေးရွာအုပ်စု ထီးချိုင့် ကျေးရွာမှာ ရွာတွင်း သဲကျောက်လမ်းခင်းခြင်း ပေ ၄၄၇၀၊ ရေပြွန်တံတား ၆ စင်း တည်ဆောက်ခြင်း လုပ်ငန်းခွဲ ပြီးစီးတာကြောင့် ဖွင့်ပွဲအခမ်းအနားကိုတော့ မတ်လ ၁၂ ရက်နေ့ မနက် ၈ နာရီက အဆိုပါလမ်း မုဒ်ဦးမျာ ကျင်းပရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်း၊ တောင်နီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ထီးချိုင့်ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်း၊ ထီးချိုင့်ကျေးရွာ စီမံကိန်း အထောက်အကူပြု ဥက္ကဌ ဒေါ်ချောကြည်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ကဗြည်း ကျောက်စာတိုင်ကို အမွှေးနံသာများဖြင့် ပက်ဖြန်း မင်္ဂလာယူခြင်း၊ လုပ်ငန်းအား လှည့်လှည် ကြည့်ရှု စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ ရွာတွင်း သဲကျောက် လမ်းခင်းခြင်း ပေ ၄၄၇၀ နဲ့ ရေပြွန်တံတား ၆ စင်း တည်ဆောက်ခြင်းကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၅၀ ဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီးတော့ လက်ထောက်နည်းပညာမှူး ဒေါ်အေးမြသူ၊ လူထုစည်းရုံးရေးမှူး ဒေါ်ဂျာဖာလုတို့မှ အနီးကပ် ကြီးကြပ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ တောင်နီ ကျေးရွာ အုပ်စု ထီးချိုင့်ကျေးရွာမှာ စတုတ္ထနှစ် စက်ဝန်းမှာ ရွာတွင်း သဲကျောက်လမ်းခင်းခြင်းနဲ့ ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်း၊ စာသင်ကျောင်းရေစင်နဲ့ ရေသန့်စင်စက် တပ်ဆင်ခြင်း လုပ်ငန်းခွဲ နှစ်ခု ဆောင်ရွက်ခဲ့ပါကြောင်းနဲ့ လုပ်ငန်းခွဲ နှစ်ခုကို စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၈၄ သိန်းကျော် ကုန်ကျ ကြောင်း စီမံကိန်း တာဝန်ခံမှ ပြောကြားခဲ့ပါတယ်။

သတင်း - ဧဧလေး

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank