ကြိုးတံတား မြေသန့် မင်္ဂလာနှင့် မြေနေရာ ပန္နက်ရိုက် အခမ်းအနား ပန်းတောင်း မြို့နယ်တွင် ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်း မြို့နယ် ဇရပ်လှ ကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာမှာ ဒေသခံ ပြည်သူတွေ အဆင်ပြေစွာ သွားလာနိုင်စေဖို့

လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ငွေကျပ် သိန်း ၂၅၀ အပြင် ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၁၁၀ တို့နဲ့ သနီချောင်းကူး ကြိုးတံတား

တည်ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ သနီချောင်းကူး ကြိုးတံတား တည်ဆောက်နိုင်ရေး မြေနေရာကို လူထုဗဟိုပြု စီမံကိန်းမှ တိုင်းဒေသကြီး အခြေခံ အဆောက်အအုံ အင်ဂျင်နီယာ

ဦးအောင်နိုင်သူ၊ မြို့နယ် တာဝန်ခံ ဦးအောင်ဖြိုးနိုင်နဲ့ တာဝန်ရှိသူတွေက ကျေးရွာသူ ကျေးရွာသားတွေနဲ့အတူ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က မြေသန့်

မင်္ဂလာနဲ့ မြေနေရာ ပန္နက် ရိုက်ခြင်းကို ဆောက်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း- မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank