လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာနဲ့ တာဝန်ရှိသူများ ပျော်ဘွယ်တွင် ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်းဒေသကြီး ရမည်းသင်း ခရိုင် ပျော်ဘွယ်မြို့နယ်မှာ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံငွေနဲ့ အကောင်အထည်ဖော်

ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို မတ်လ ၁ ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

 

ဒီလိုကွင်းဆင်းစစ်ဆေးရာမှာ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာနဲ့ တာဝန်ရှိသူတွေက ပဲ့ကန်မြောက် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းတဲ့

လုပ်ငန်းနဲ့ ယုံကုန်းကျေးရွာ စာသင်းကျောင်း တည်ဆောက်နေတဲ့ လုပ်ငန်းတွေကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်တာတွေကို အကြံပြု ဆွေးနွေးခဲ့ပါတယ်။

 

ပျော်ဘွယ်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် ကျေးရွာအုပ်စု ၇၅ မှာ လမ်းတံတားအခု ၁၁၀ ၊ ရေ ရရှိရေး အခု ၂၀ ၊ မီးလင်းရေး

၈၆ ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦး ၃၆ ခု၊ ကျေးရွာ ဘက်စုံသုံး ခန်းမ ၂၈ ခု နဲ့ အခြားလုပ်ငန်း ၄၁ ခု စုစုပေါင်း လုပ်ငန်းခွဲ ၃၂၁ ခုကို

ကျပ်သန်း ၃၇၀၀ ကျော်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank