စည်းရုံးရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း ပဒေါင်းမြို့နယ်တွင် ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပဒေါင်းမြို့နယ်မှာ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် စည်းရုံးရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း

သင်တန်း ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ပဒေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ခရိုင် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှုး ဦးသိန်းထိုက်ဦးက အမှာ စကားပြောကြားခဲ့ပါတယ်။

 

အဲဒီနောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှုး ဦးထွန်းသန်းဇော်က စည်းရုံးရေးမှုးတွေ အနေနဲ့ ကျေးရွာကို ကွင်းဆင်း

ဆောင်ရွက်ရာမှာ Work Plan တွေ စနစ်တစ်ကျ ရေးဆွဲ ဆောင်ရွက်ကြဖို့ မှာကြားခဲ့ပြီး၊ တာဝန်ရှိသူတွေက သင်ခန်းစာတွေကို သက်ဆိုင်ရာ

ကဏ္ဍအလိုက် ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲဒီသင်တန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမှာ

ဖြစ်ကြောင်း သိရှိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank