အမျိုးသမီးကွန်ရက်အလုပ်ရုံဆွေးနွေးပွဲ မောက်မယ် မြို့နယ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း အမျိုးသမီးကွန်ရက်အလုပ်ရုံဆွေးနွေးပွဲ ဇန်နဝါရီလ ၂၀ ရက်နေ့ နမ့်ရွမ်းခန်းမမှာ

ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်သွယ်သွယ်မြင့်မှ အဖွင့် အမှာစကား

ပြောကြားပါတယ်။ အဲဒီနောက် နည်းပညာ အကြံပေးအဖွဲ့မှ ကျား/မ ရေးရာ တာဝန်ခံ ဦးမိုင်းယန်လင်းမှ တက်ရောက်လာတဲ့ အမျိုးသမီးအဖွဲ့ဝင်များကို ကျေးရွာ

အုပ်စုအလိုက် မိတ်ဆက်ပေးခဲ့ပြီး၊ အုပ်စုငယ်များ ၉ ဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှ ထွက်ရှိလာတဲ့ တွေ့ရှိချက်များကို အဖွဲ့စီမှ ကိုယ်စားပြုထားသူမှ ပြန်လည်

တင်ပြစေခဲ့ပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲကိုတော့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာ အကြံပေးအဖွဲ့ဝင်များနဲ့

ဝန်ထမ်းများ ကျေးရွာ မှ ကိုယ်စားပြု ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့ပြီး၊ ဆွေးနွေးပွဲကို နေ့တစ်ပိုင်းနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel