ဂန့်ဂေါခရိုင် ဆောမြို့နယ် လူထု ဗဟိုပြုစီမံကိန်းမှ စီမံကိန်း ဝန်ထမ်းများ တွေ့ဆုံ စည်းဝေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း

စတုတ္ထနှစ်စက်ဝန်း မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် လူထု ဗဟိုပြုစီမံကိန်းမှ စီမံကိန်း ဝန်ထမ်းတွေ

အားလုံးပါဝင်တဲ့ တွေ့ဆုံပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးမှာ

မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီ အထိ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းဝေးမှာ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး

တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ မန်နေဂျာ၊ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးတွေ၊

လူထု စည်းရုံးရေးမှုး ၂၈ ဦးနဲ့ လက်ထောက်နည်းပညာမှုး ၁၈ ဦး စုစုပေါင်း ၄၉ ဦး တက်ရောက်ခဲ့ပါတယ်။

 

သတင်း - လူထု စည်းရုံးရေးမှုး ရွှေစင်ဝင်း

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank