ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင် လူထုဗဟိုပြုစီမံကိန်းမှ စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်သည့် လုပ်ငန်းကို ကြည့်ရှု စစ်ဆေး

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍရေးနှစ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ကျွန်းတော ကျေးရွာ ရေရရှိရေး လုပ်ငန်းကို ကွင်းဆင်း စစ်ဆေးပြီး၊ လိုအပ်ချက်တာတွေကို ညွှန်ကြားကာ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ခြင်း လုပ်ငန်းကို ကြည့်ရှု စစ်ဆေးတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ဌက်ကြီးဥ ကျေးရွာနဲ့ ကျောက်မ ကျေးရွာမှာ ရှိတဲ့ ကုန်ထုတ်လမ်းဖောက်လုပ်မှု တိုးတက်မှု အခြေအနေတွေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်တာတွေကို မှာကြားကာ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်း ပန်းဇံ ကျေးရွာအုပ်စု ပန်းဇံကျေးရွာမှာ ဆောင်ရွက်လျက်ရှိတဲ့ စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်သည့် လုပ်ငန်းကိုလည်း ကြည့်ရှု စစ်ဆေးကာ လိုအပ်တာတွေကို ဆွေးနွေးလမ်းညွှန်ခဲ့တယ်လို့ သိရှိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel