တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ Information Campaign ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းကို (၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒုတိယနှစ်စက်ဝန်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။

ထို့သို့စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စီမံကိန်းအကြောင်းအား ကျေးရွာလူထုမှ ပိုမိုသိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်လျက် လူထုဗဟိုပြုစီမံကိန်း Information Campaignကို ဆဲဘောက်ကျေးရွာအုပ်စု၊ တွီးခိန်းဇန်(အပေါ်)ကျေးရွာတွင် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Information Campaign တွင် လူထုဗဟိုပြုစီမံကိန်း၊ သတင်းနှင့်ဆက်သွယ်ပြန်ကြားရေးပြခန်းဖွင့်လှစ်ကာ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများနှင့် စီမံကိန်းဆိုင်ရာ ပိုစတာများ၊ စီမံကိန်းလက်စွဲစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့်အခြားIECပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ Information Campaign တွင် လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍလည်း ဆောင်ရွက်ခဲ့ရာ စိတ်ပါဝင်စားဝင်ရောက်ဖြေဆိုကာ အဖြေမှန်သူများအား စီမံကိန်းတံဆိပ်ပါတီရှပ်၊ ဦးထုပ်နှင့်ဘောပင်များကို လက်ဆောင်အဖြစ်ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါ Campaign ဆောင်ရွက်မှုတွင် ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စော၊ ပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဆွေးအုပ်တို့တက်ရောက်ကာ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။