သတင်းပြန်ကြားဆက်သွယ်ရေး မွမ်းမံသင်တန်းပြုလုပ်

၉ ဧပြီလ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)အတွက် စီမံကိန်းဝန်ထမ်းများဖြစ်သော လက်ထောက်နည်းပညားမှူးများ၊ လူထုစည်းရုံးရေးမှူးများနှင့် စီမံကိန်းနည်းပညာအဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား (၆၀)ဦးခန်းအား သတင်းပြန်ကြားဆက်သွယ်ရေး မွမ်းမံသင်တန်းကို (၉.၄.၂၀၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

            သင်တန်းတွင် သတင်းပြန်ကြားဆက်သွယ်ရေး သိကောင်းစရာများ၊ သတင်းရေးသားနည်းများ၊ သတင်းပြန်ကြားဆက်သွယ်ရေး မဟာဗျူဟာများ၊ အောင်မြင်မှုဇာတ်လမ်း သဘောတရားများနှင့် ရေးသားနည်းများ အစရှိသော သင်ခန်းစာများကို နေပြည်တော်ရုံးချုပ် သတင်းပြန်ကြားဆက်သွယ်ရေးဌာနမှ ဆရာမ ဒေါ်အေးမြတ်သူနှင့် ဒေါ်အိစန္ဒာတို့မှ သင်တန်းပို့ချပေးခဲ့ပါသည်။

            ယခုကဲ့သို့ သင်တန်းပြုလုပ်ခြင်းဖြင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သောသူများအားလုံး သတင်းအချက်အလက်များကို လွယ်ကူစွာ လက်လှမ်းမှီနိုင်ခြင်း၊ ကွင်းဆင်းဝန်ထမ်းများအတွက် သတင်းပြန်ကြား ဆက်သွယ်ရေး လက်တွေ့ဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ပထမနှစ်စက်ဝန်းဆောင်ရွက်ချက်များကို အခြေခံ၍ ဒုတိယနှစ်စက်ဝန်းအတွက် သတင်းပြန်ကြားဆက်သွယ်ရေးကဏ္ဏကို အကောင်းဆုံးပြင်ဆင်နိုင်မှုများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။