စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း
ပဉ္စမနှစ်စက်ဝန်း(၂၀၁၇-၂၀၁၈ဘဏ္ဍာ ရေးနှစ်)တွင် မြို့နယ်(၁၆)မြို့နယ် ဆောင်ရွက်သွားမည်ဖြစ်ရာ တစ်မြို့အပါအဝင်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၌ (၁.၁၂.၂၀၁၇)ရက်နေ့
လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဗဟိန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊
ဧရာဝတီတိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းမှမိတ်ဆက် စကားပြောကြားခြင်း ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ
ညွန်းရေးမှူးဦးလှခိုင်မှ စီမံကိန်းမိတ်ဆက်စကား ပြောကြား ခြင်းဖြင့်ဆွေးနွေးပွဲအား စတင်ခဲ့သည်။ ဆွေးနွေးပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန ရုံးချုပ်၊တိုင်း၊ခရိုင်၊မြို့နယ် အဆင့်မှ
ဝန်ထမ်းများ၊INGO၊ NGOများ၊ CSOများ ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ ကျေးရွာရပ်မိရပ်ဖနှင့်မြို့နယ်ရပ်မိရပ်ဖများ၊ သတင်းမီဒီယာများ
စုစုပေါင်းလူဦးရေ (၆၅၀)ခန့်တက်ရောက်ကြသည်။