လူထု ဗဟိုပြု စီမံကိန်းမှ ကျွန်းလှ မြို့နယ်ရှိ စီမံကိန်း လုပ်ငန်းခွဲများကို ကြည့်ရှု့ စစ်ဆေး

NCDDP’s Sub-project Activities in Kyunhla Monitored by Respective Officials

Sagaing, 22 December 2020, SkyNet Media Coverage

 

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး၊ ဦးစီးအရာရှိ နည်းပညာ ဒေါ်အေးပွင့်ဖြူနဲ့ တာဝန်ရှိသူများက ကျေးရွာ စီမံကိန်း ကော်မတီ ဝင်များနဲ့ အတူ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း မြင်သာဦးကျေးရွာမှာ ကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းနဲ့ စုန်းတလင်း၊ ပေကုန်းနဲ့ သရက်ပင် ကျေးရွာတို့မှာ ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းနဲ့ Box Culvert ကိုးစင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု့ စစ်ဆေးပြီး လုပ်ငန်းများ စံချိန်စံညွှန်း ပြည့်မှီစွာနဲ့ သတ်မှတ် ကာလအတွင်း အချိန်မှီ ပြီးစီးရေး ဆွေးနွေး မှာကြား ခဲ့ပါတယ်။

 

ကျွန်းလှ မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းနဲ့ မြို့နယ် အတွင်းရှိ ကျေးရွာ ၁၀၁ ရွာမှာ လမ်း တံတား ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံလုပ်ငန်းနဲ့ အခြားလုပ်ငန်း စုစုပေါင်း ၁၀၉ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၄၃၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း စီမံကိန်း တာဝန်ခံ ဦးရဲကိုကိုဝင်း ထံမှ သိရပါတယ်။

 

သတင်း - သန့်ဇင် (ကျွန်းလှ)၊ ဖြိုးထက်အောင်

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage