လူထု ဗဟိုပြု စီမံကိန်းမှ ဓနုဖြူ မြို့နယ်တွင် အကောင်အထည်ဖော် မည့် လုပ်ငန်းခွဲများအတွက် ညှိနှိုင်းဆွေးနွေး

Township Planning and Implementation Committee Organized for NCDDP’s Sub-project Activities in Danubyu

Ayeyarwaddy, 6 December 2020, SkyNet Media Coverage

 

ဧရာဝတီတိုင်း ဒေသကြီး မအူပင် ခရိုင် ဓနုဖြူ မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း စီမံကိန်း လုပ်ငန်းခွဲတွေကို မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော် ရေး ကော်မတီ (TPIC) ဒုတိယ အကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျင်းပပါတယ်။

အခမ်းအနားမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးတို့က အဖွင့်အမှာ စကား ပြောကြားပြီး၊ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်နန္ဒာလှိုင်က ကျေးရွာ တွေက ဦးစားပေး ရွေးချယ်ထားတဲ့ လုပ်ငန်းခွဲပေါင်း ၁၅၉ ခုကို ရှင်းလင်း တင်ပြပြီး၊ တက်ရောက်လာတဲ့ TPIC အဖွဲ့ဝင်တွေက ကျေးရွာလူထုကနေ တင်ပြလာတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို စီစစ် ရွေးချယ်ကြပြီး၊ လုပ်ငန်းတွေ အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတည်ပြုပေးခဲ့ပါတယ်။

 

သတင်း - ရဲအောင် (ကျေးလက်)၊ ဖြိုးထက်အောင် (ပျော်ဘွယ်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage