ကျွန်းတောကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်းမှ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Village Street Construction Kicked Off in Kyuntaw Village of Hlaingbwe

Kayin, 3 November 2020, Myanmar Digital News

လှိုင်းဘွဲ ၃ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် အင်းနို့သိပ္ပံ ကျေးရွာအုပ်စု ကျွန်းတော ကျေးရွာရှိ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှ ထောက်ပံ့ငွေ (၂၀,၀၀၀,၀၀၀) ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်း (အရှည် ၁၃၀၀ပေ x အကျယ် ၁၂ပေ x အထူ ၆လက်မ) တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက် နည်းပညာမှူး ဒေါ်ဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး နန်းစန်းစန်းမြင့် တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ ကျေးရွာသားတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

http://www.mdn.gov.mm/my/kntteaakeraattng-raattngknkrclmkhngkhnglupngn-akeaangathnnypheaa-cheaangrk