မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်း လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Third Year Project Cycle Kicked Off in Mawkmai

Shan, 15 October 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း ခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်း လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နမ့်လွတ်ကျေးရွာအုပ်စုသို့ (၇.၁၀.၂၀၂၀)မှ (၁၄.၁၀.၂၀၂၀) ရက်နေ့အထိ လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများ ကျေးရွာအစည်းအဝေး ပြုလုပ်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေးတွင် ရှေးဉီးစွာ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးဝင်းမြတ်သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး၊ နည်းပညာ အကြံပေး ဦးမိုင်းဉာဏ်လင်းမှ (တတိယ)နှစ် စက်ဝန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာလူထုနှင့် ကော်မတီဝင်များအနေဖြင့် မိမိကျေးရွာမှ အမှန်တကယ် လိုအပ်သော လုပ်ငန်းခွဲများအား ရွေးချယ်သွားရန်နှင့် တည်ရှိ ကော်မတီဝင်များ အနေဖြင့် ဆက်လက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး သွားကြရန်အား ဆွေးနွေး အကြံပြုခဲ့ပြီး တာဝန်ကျ စည်းရုံးရေး မှူးများနှင့် လက်ထောက် နည်းပညာမှူးများတို့က စီမံကိန်း အကြောင်းများ ပြန်လည်မိတ်ဆက် ပြောကြားခြင်း၊ စီမံကိန်းစက်ဝန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ထောက်ပံ့ ရံပုံငွေရရှိမှု၊ ကျေးရွာစီထောက် ကော်မတီဝင်များ အတည်ပြုခြင်းနှင့် လုပ်ငန်းခွဲများ ရွေးချယ် အတည်ပြုခြင်း တို့ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။

နမ့်လွတ် ကျေးရွာအုပ်စုသည် ကျေးရွာပေါင်း (၁၀)ရွာ ရှိပြီး ယခု လူထုဗဟိုပြု စီမံကိန်း (တတိယ)နှစ် စက်ဝန်း တွင် ထောက်ပံ့ရံပုံငွေကျပ် သန်း(၄၀)ဖြင့် ကျေးရွာမှ အမှန်တကယ် လိုအပ်သော လုပ်ငန်းခွဲများအား အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - မိုင်းဉာဏ်လင်း

#NCDDP, #DRD, #MOALI, # WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/369457714233013