ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Union Minister Dr. Aung Thu Delivers Opening Remarks at the Coordination Meeting for Rural Development Sector

Friday, October 09, 2020 , MRTV Media Coverage

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားသည့် စီးပွားရေး အကြပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေး အတွက် နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် "Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်"(CERP)အရ မိမိတို့ဝန်ကြီးဌာန အနေဖြင့် CERP Action Plan 2.1.7 ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် နည်းတူ ဆက်လက် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ ရမည်ဖြစ် ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန်၊ အဂတိတရား ကင်းရှင်းပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပါဝင် ပတ်သက်သူ အားလုံးတို့နှင့် ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အောက်တိုဘာလ ၉ ရက် မနက်ပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကား ပြောကြားပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်း လုပ်ငန်းများအလို် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုနဲ့ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများက ဒေသ အသီးသီးရဲ့ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းများ အခြေအနေနဲ့ မြေပြင် ပကတိ အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ (၅)နှစ်တာ ကာလအတွင်း ကျေးလက် ရေပေးရေးလုပ်ငန်း (၁၁,၇၆၉) ရွာ၊ ကျေးလက် မီးလင်းရေး လုပ်ငန်း (၈,၅၆၈) ရွာ၊ ကုန်ထုတ်လမ်း (၁,၀၅၄) မိုင် ဆောင်ရွက် ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်း ပေါင်း ၄၄၇၉ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်သဖြင့် လူဦးရေ ၃ ဒသမ ၆ သန်းခန့် ကို လည်းကောင်း၊ မြို့ရေပေးရေး စီမံကိန်းကို မြို့ ၁၁ မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့၍ လူဦးရေ ၆ ဒသမ ၂၄ သိန်းခန့် ကိုလည်းကောင်း အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကျေးလက်ကုန်ထုတ်လမ်း ၇၄၁ မိုင် ၃ ဒသမ ၂ ဖာလုံနှင့် ကုန်ထုတ် တံတား ၁၁၀၂ စင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၆၉ သိန်းခန့် ကိုလည်းကောင်း၊ လူထုဗဟိုပြု စီမံကိန်း ကို ကျေးရွာပေါင်း ၆၀၀၁ ရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ ဒသမ ၀၁ သန်းခန့်ကို လည်းကောင်း ၊ မြစိမ်း ရောင်ကျေးရွာ စီမံကိန်းကို စီမံကိန်း ယူနစ် ၅၇၀ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၅ သိန်းခန့် ကိုလည်းကောင်း ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၃၄၅၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် လူဦးရေ ၁ ဒသမ ၂၃ သန်းခန့် ကိုလည်းကောင်း ၊ ကျေးလက် အိမ်ရာ အဖြစ် ၂၉၇ လုံး အကောင်အ ထည်ဖော်ဆောင်ရွက် ခဲ့ရာ လူဦးရေ ၁၀၄၀ ဦး ကိုလည်းကောင်း၊ အသက် မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းအဖြစ် အကြိမ်ရေ ၆၇၃ ကြိမ်ဖွင့်လှစ်ပို့ချနိုင်သဖြင့် လူဦးရေ ၁၆၅၅၇ ဦး ကို လည်းကောင်း အကျိုးပြုနိုင်ခဲ့သည်။

CERP အရ ဆောင်ရွက်သည့် Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၄၄၀၂ ခု ဆောင်ရွက်နိုင်ခဲ့၍ လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်းခန့် အကျိုးပြုခဲ့ပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း ၁၇၁၀ တွင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၄ သိန်းကျော် ကို လုပ်ငန်း ကဏ္ဍအလိုက် မတည်ရန်ပုံငွေများ ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျေးရွာနှင့် မြို့ပြနေရာ ၃၁၈၆ နေရာတွင် လက်ဆေးဘေစင်ပေါင်း ၄၀၆၃ ခု တပ်ဆင် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄ ဒသမ ၇ သန်းခန့် အကျိုးပြု နိုင်ခဲ့သည်။

https://www.mrtv.gov.mm/mm/news-91188

https://youtu.be/nCW91dHakuc