၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရေး Video Conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပ

Meeting Organized through Video Conferencing for Timely Implementation of Rural Development Activities

Naypyitaw, 6 October 2020, MOI Media Coverage

နေပြည်တော်၊ အောက်တိုဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများ တင်ဒါခေါ်ယူမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုနှင့် အခြားလူထုအခြေပြု စီမံကိန်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် များက တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများ၏တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များအား ဖြည့်စွက်ဆွေး နွေးမှာကြားပြီး ညွှန်ကြား‌ရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ Video Conferencing စနစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည် နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (၁၇) ခုမှ ဦးစီးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

https://www.moi.gov.mm/index.php/news/6775