ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်မီ ပြီးစီးရေး ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက CERP အစီအစဉ်အရ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်‌ ပြီးစီးမှုအခြေအနေများ သိရှိနိုင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်က အစည်း အဝေး ကို မိမိတို့ ဦးစီးဌာနအနေဖြင့် CERP အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဦးစီးဌာနရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ ဘဏ္ဍာငွေသုံးစွဲမှု၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်း များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား သိရှိလိုခြင်းကြောင့် ပြုလုပ် ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် လုပ်ငန်းများဆောင်ရွက် ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို သတိရှိရှိ လုပ်ဆောင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရန်၊ အခက်အခဲများကြားမှ စီမံကိန်းလုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်း တစ်ဦးချင်းစီတိုင်းအား မိမိအနေဖြင့် ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက CERP အစီအစဉ်အရ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဦးစီးဌာနရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ ဘဏ္ဍာငွေသုံးစွဲမှု၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တင်ဒါ လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် တွေ့ကြုံရ သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေး မှူးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက တိုင်း ဒေသ ကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး များ၏ တင်ပြချက်များအပေါ် ကဏ္ဍ အလိုက် လိုအပ်ချက်များ၊ ဘဏ္ဍာ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို ဖြည့်စွက် ဆွေးနွေး ကြပြီး ညွှန်ကြား‌ရေးမှူးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြား သည်။

အဆိုပါ ဗီဒီယိုကွန်ဖရင့်စနစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန အသီးသီးမှ ဦးစီးမှူးများ၊ ဘဏ္ဍာရေး အဖွဲ့များ၊ M&E အဖွဲ့များ တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သိရ သည်။

သတင်းစဉ်

https://www.moi.gov.mm/news/6023