ရွှေကူမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) လုပ်ငန်းများနှင့် Cash for Work စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) လုပ်ငန်းများနှင့် Cash for Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးယဉ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ဖြင့် ဆောင်ရွက်လျက်ရှိသော ရွှေကူမြို့နယ် နန့်လှန်ကျေးရွာတွင် လမ်းအရှည် ၁၃၁၇ ပေ၊ အကျယ် ၁၂ ပေ၊ အထူ ၆ လက်မ ကွန်ကရစ်ဘောင် သဲကျောက်လမ်း လုပ်ငန်း ဆောင်ရွက်မှုနှင့် စီမူကြီးကျေးရွာ ကျေးရွာခန်းမဆောင် (၆၀ပေ× ၃၀ပေ× ၁၂ပေ) လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ စီမူလေးကျေးရွာ လမ်းအရှည် ၈၅၀ ပေ၊ အကျယ် ၂၀ ပေ၊ အထူ ၆ လက်မရှိ ကွန်ကရစ်ဘောင် သဲကျောက်လမ်း၊ စီသာကျေးရွာ လမ်းအရှည် ၁၈၆၂ ပေ၊ အကျယ် ၁၆ ပေ၊ အထူ ၆ လက်မရှိ ကွန်ကရစ်ဘောင် သဲကျောက်လမ်း လုပ်ငန်းဆောင်ရွက်မှုနှင့် မံနားကျေးရွာ စက်ရေတွင်း၊ ရေသန့်စက်၊ ရေစက်ရုံ(၁၂ ပေ× ၆ပေ× ၇ပေ) တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် Cash For Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် လုပ်ငန်း ဆောင်ရွက်လျှက် ရှိသော စင်းဖုတ်ကျေးရွာလမ်း အရှည် ၉၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ၆ လက်မရှိ ကွန်ကရစ်ဘောင် သဲကျောက်လမ်း ခင်းခြင်းနှင့် တာလီကျေးရွာ လမ်းအရှည် ၂၀၀၀ ပေ၊ အကျယ် ၁၅ ပေ၊ အထူ ၆ လက်မရှိ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်း အခြေအနေများကို လည်းကောင်း၊ ပန်းတင်ကျေးရွာ လမ်းအရှည် ၁၈၀၀ ပေ၊ အကျယ် ၁၅ ပေ၊ အထူ ၈ လက်မရှိ သဲကျောက်လမ်း ခင်းခြင်းနှင့် လမ်းကူးကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး (၉၄၀ ပေ× ၆ ပေ) ကာရံခြင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က စီမံကိန်း လုပ်ငန်း များ သတ်မှတ် အချိန်ကာလအတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရေးကို တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/6143