ကျေးရွာခန်းမဆောင်လုပ်ငန်း ဆောင်ရွက်ပြီးစီးသော နားဟီးကျေးရွာနှင့် နမ့်ပါတက်ကျေးရွာတွင် လူထုစစ်ဆေးပွဲ ကျင်းပပြုလုပ်

မောက်မယ် ဇူလိုင် ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စုအတွင်း လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်၀န်း အတွက် ကျေးရွာခန်းမဆောင်လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားခဲ့သော နားဟီးကျေးရွာ နှင့်နမ့်ပါတက်ကျေးရွာ၌ လူထုစစ်ဆေးပွဲကို ဇူလိုင်လ ၂၈ရက်နေ့မှ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး ဦးမိုင်းဉာဏ်လင်းမှ လူထုစစ်ဆေးပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်ရွက်ပြီးစီးသွားသော လုပ်ငန်းများအား ရေရှည်တည်တံ့ ခိုင်မြဲနိုင်စေရန်အတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်သွားရန် အကြံပြုခဲ့သည်။

ဆက်လက်ပြီး COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းသိမ်းရေး လမ်းညွှန်ချက်နှင့်အညီ တာဝန်ကျ ဝန်ထမ်းများမှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအတွက် ကျေးရွာ ပြည်သူလူထုများမှ ကျေနပ်မှုမည်မျှရှိ/ မရှိကိုရယူရန်အတွက် လူထုစစ်ဆေးပွဲအကျဉ်းချုပ် စာရွက်စာတမ်းများအား လိုက်လံဝေငှပေးခဲ့ခြင်း ၊ ပြန်လည်ကောက်ယူခြင်းဖြင့် ရရှိလာသော လုပ်ငန်းစဉ်နှင့်ရလဒ်ထွက်ရှိချက်များအား ပွင့်လင်းမြင်သာမှုရှိစေ ရန် ရည်ရွယ်၍ အစည်းအဝေးပွဲတွင်ချပြခြင်း ၊ ကြော်ငြာဆိုင်းဘုတ်များတွင် ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယခုဒုတိယနှစ်စက်ဝန်းတွင် ကဒူးကြီးကျေးရွာအုပ်စု နားဟီးကျေးရွာနှင့် နမ့်ပါတက်ကျေးရွာသည် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာလူထုထည့်ဝင်ငွေ စုစုပေါင်း (၁၆၄၂၄၀၀၀) ကျပ်ဖြင့် ကျေးရွာခန်းမဆောင်လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)

#NCDDP, #DRD, # MOALI, # WorldBank

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/30/07/2020/id-25793