ပင်လောင်းမြို့နယ်အတွင်း Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) စီမံကိန်း လုပ်ငန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ပင်လောင်း ဇူလိုင် ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash For Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ(VRFP) စီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကိုယ်စား ဦးစီးအရာရှိ(နည်းပညာ)မှ ဦးကိုကိုနိုင်တို့က အမှာစကား ပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက အကောင်အထည်ဖော် ဆောင်ရွက် မည့် Cash For Work စီမံကိန်းလုပ်ငန်းတာဝန်များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။

ယင်းနောက် Cash For Work စီမံကိန်းမှ ကျေးရွာမတည်ရန်ပုံငွေ အကောင်အထည် ဖော်ဆောင်ရွက်မည့် နဂါးပတ်ကျေးရွာ၊ ပင်ထုံကျေးရွာ၊ မြောက်ထီဗွာကျေးရွာများအား တစ်ရွာလျင် ငွေကျပ်သိန်း(၃၀၀)၊ ရေကန်လောင်းကျေးရွာ၊ တပိုင်းမှူးကျေးရွာများအား တစ်ရွာလျင် ငွေကျပ် သိန်း(၂၀၀)၊ စိန်သောင်ကျေးရွာ၊ ပင်တီးတောင်ကျေးရွာနှင့် ပင်တီးမြောက်ကျေးရွာများကို တစ်ရွာလျင် ငွေကျပ်သိန်း(၁၀၀)နှင့် (CFW) စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာအတွက် ကိုဗစ်-၁၉ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ကျေးလက်နေပြည်သူ လူထုများ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေမည့် လုပ်အား ခအဖြစ် ထောက်ပံ့ပေးငွေများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပေါင်းလောင်းမြို့အုပ်ချုပ်ရေးမှူး၊ ဌာန ဆိုင်ရာတာဝန်ရှိသူတို့က ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည့် သက်ဆိုင်ရာ ကျေးရွာ ကော်မတီများ ထံ စီမံကိန်းလုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး ( ပင်လောင်း)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/28/07/2020/id-25443