မိုးကုတ်မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ CFW စီမံကိန်းမိတ်ဆက်ပွဲများ ကျင်းပ

မိုးကုတ်မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ CFW စီမံကိန်းမိတ်ဆက်ပွဲများ ကျင်းပ

မိုးကုတ် ဇူလိုင် ၁၇

မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်တစ်ရပ်အနေဖြင့် CFW စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဖွဲ့ခြင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းနေရာများ ကွင်းဆင်းကြည့်ရှုခြင်းများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မိုးကုတ်မြို့နယ် ကျောက်နဂါး (ရှမ်း)ရွာနှင့် ကျောက်နဂါး(ဂေါ်)ရွာ တို့တွင် ဆက်လက် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သိန်း (လက်ထောက်ညွှန်ကြားရေးမှူး) မှ ကျေးလက် ပြည်သူများအား စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မိုး၀င်းမှ စီမံကိန်းဆိုင်ရာ အချက်အလက်များကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်လုပ်ငန်း ကော်မတီဝင်များမှ ကျေးရွာကော်မတီကို သတ်မှတ် အရည်အချင်းများနှင့်အညီ ရွေးချယ်တင်​မြှောက်ပြီး ကျေးရွာကော်မတီအဖွဲ့များနှင့်အတူ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးမမ(မိုးကုတ်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/17/07/2020/id-24281