သန်လျင်၌ Cash for Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံဖြိုးရေးကော်မတီ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်ပင်ကွင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက Cash For Work စီမံကိန်း အကြောင်း မိတ်ဆက်ရှင်းလင်း၍ စစ်ပင်ကွင်းကျေးရွာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီအား စနစ်တကျရွေးချယ်ခဲ့ကာ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီရွေးချယ်ပွဲတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကိုဗစ်- ၁၉ ကာလ အတွင်းထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဟန်ညွန့်နှင့် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် ဝန်ထမ်းများ၊ စစ်ပင်ကွင်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)

The Ministry of Information

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/9/07/2020/id-23357