မိုင်းခတ်မြို့နယ် မိုင်းကာရှေ့ အုပ်စု စီမံကိန်း လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိုင်းခတ်မြို့နယ် လူထု ဗဟိုပြု စီမိကိန်း (ဒုတိယနှစ် စက်ဝန်း) မှာ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည် ဖော်လျက်ရှိရာ အခုနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်း ၉၄ ခု ရှိပြီး၊ ၇၂ ခုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တို့မှာ ကျန်ရှိနေသေးတဲ့ မိုင်းကာရှေ့ အုပ်စုမှာ ရှိတဲ့ ပန်နောင်လောင်း (အပေါ်)ရွာနဲ့ ခြောက်ထပ်ကွေ့ ကျေးရွာတွေမှာ ရှိတဲ့ စိမ့်စမ်းရေသွယ်ယူခြင်းနဲ့ ရေလှောင်ကန်တည်ဆောက်ခြင်း အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းတွေကို မိုင်းခတ် မြို့နယ် လူထုဗဟိုပြုစီမံကိန်းက ကျေးရွာတာဝန်ခံ လက်ထောက် နည်းပညာမှူး ဦးစွမ်းထက်ပိုင်၊ လူထုစည်းရုံးရေးမှူး ဒေါ်အေးမြတ်မွန်နဲ့ ဒေါ်ဘန်ဘီးနာ တို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်း ကြည့်ရှု့ရာမှာ စီမံကိန်း လုပ်ငန်းတွေ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေ အတိုင်း ပြည့်မှီအောင် လမ်းညွှန်ပေးခြင်း၊ အမျိုးသမီးတွေပါ ပူးပေါင်း ပါဝင်ပြီး လုပ်အားခ တန်းတူ ရမှု ရှိမရှိနဲ့ စီမံကိန်း နဲ့ သက်ဆိုင်တဲ့ စာရင်း ဇယားတွေ စာရွက်စာတမ်းတွေ စုံလင်မှု ရှိရေးတို့ကို ကြည့်ရှု့ စစ်ဆေးပြီး လုပ်ငန်း ဆောင်ရွက်နေမှုတွေကို ကြည့်ရှု့ခဲ့ကာ လိုအပ်တာတွေကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit- Ministry of Information

#NCDDP #DRD #MOALI #WorldBank