ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းက သတင်းပြန်ကြား ဆက်သွယ်ရေးနှင့် စည်းရုံးလှုံဆော်ခြင်း Information Campaign ကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် (၇)နာရီ မှ ၈ နာရီခွဲ အထိ ဇကာကြီးတိုက်နယ်ဈေးရှေ့တွင် ပြုလုပ်ခဲ့ပါသည်။
စီမံကိန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ဈေးသို့လာရောက်သူများကို ပြောပြခြင်း၊ covid 19 guide line ရှင်းပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး/အဆိုပါ Information campaignပွဲကို ဇကာကြီးတိုက်နယ် ကျန်းမာရေးမှူး ဦးအေးသန်းနှင့်အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သော အဆိုပါ Information Campaign သို့ ကျေးရွာနေ ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်များမှ ကျား-မ ကလေးငယ်များ အပါအဝင် တက်ရောက်လာသူများကို ကျန်းမာရေးအတွက် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်ဆေးများ အသုံးပြု လက်ဆေးစေခြင်း တို ပြုလုပ်စေပြီး၊ Covid 19ကာလအတွင်း ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သော သိကောင်းစရာများ ဆောင်ရန် ရှောင်ရန် အချက်များအား ဖြန့်ဝေပေးခြင်းနှင့် ရောဂါအကာအကွယ် အတွက် လုံခြုံစိတ်ချရသော အသင့်ချုပ် အဝတ် နှာခေါင်းစည်း (mask) များအား အခမဲ့ ပေးဝေခဲ့ပါသည်။
သတင်း - ဓနုဖြူ (CDD)