ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်း မှ ကျင်းပ ပြုလုပ်သော သတင်း ပြန်ကြား ဆက်သွယ်ရေး စည်းလုံးလှုံဆော်ရေး ပြခန်း (Information Campaign) ကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ နံနက် (၇:၀၀) မှ နံနက် ၁၀ နာရီတွင် အချိန်ထိ မဲဇလီကုန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် အခြားမြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကျေးရွာလူထုများ၊ မြို့ပေါ်နေရပ်ကွက်များမှ ကျား- မ၊ ကလေးသူငယ်များကို ကျန်းမာရေးအတွက် အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးများ ပေးခြင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid -19 ကာလအတွင်း ထုတ်ပြန်ထားသည့် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ညွှန်ကြားချက်များအား အသိပေးပြီး၊ လာရောက်သူများအား မေတ္တာလက်ဆောင်အဖြစ် Mask နှာခေါင်းစည်းများ ၊ စီမံကိန်း လက်ကမ်းစာစောင်များ၊ Covid-19 ရောဂါအကြောင်း ပညာပေးပိုစတာများ ဖြန့်ဝေပေး ခဲ့ပါသည်။