ပေါက်မြို့နယ် သက္ကယ်ကျင်းကျေးရွာ ဘက်စုံသုံး ခန်းမဆောင်နဲ့ မြေနီလမ်းခင်း

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတဲ့ ပေါက်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် လုပ်ငန်းဆောင်ရွက်မှု နဲ့ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေတွေကို ဇွန်လ ၂ ရက်နေ့က တာဝန်ရှိသူတွေက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

အဲဒီလို ကွင်းဆင်း စစ်ဆေးရာမှာ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျား-မ ရေးရာ အချိုးညီစွာနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ လူထု ဗဟိုပြု စီမံကိန်း တိုင်း Infra ဦးကျော်သာဖြူ ၊ လူထု စည်းရုံးရေးမှူး ဦးအောင်ဇော်မိုးတို့က လုပ်ငန်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပြီး၊ လိုအပ်တဲ့ နည်းပညာ တွေ လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်မှာကြား ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်ဟာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၂၀၀ ကျော်၊ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်း လုပ်ငန်းဟာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း တစ်ရာ့ ငါးဆယ်နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank