လှိုင်းဘွဲ မြို့နယ် ငါးရစ် ချောင်းဖျားကျေးရွာ၌ ကွန်ကရစ် တံတား တစ်စင်း တည်ဆောက်ပြီးစီး

လှိုင်းဘွဲ ၃ ဇွန်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ပိန္နဲတော ကျေးရွာအုပ်စု ငရစ်ချောင်းဖျားကျေးရွာ RC ကွန်ကရစ်တံတား (၄၀ပေ x ၁၆ပေ x ၁၄ပေ)ကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၃၉,၉၀ဝ,ဝ၀ဝ ဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင် အကောင်အထည်ဖာ် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ခုနှစ် မေလ ၁၂ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၂၀၂၀ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်သွားလာခွင့်ရပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူး တို့မှ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစော အောင်မျိုးမြင့်၊ ပြည်နယ်အင်ဂျင်နီယာ အကြံပေးနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး ငရစ်ချောင်းဖျားကျေးရွာ ပိန္နဲတော ကျေးရွာများမှ အိမ်ထောင်စု(၅၇၃)စု၊ လူဦးရေ(၄၇၁၆)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများအတွက် သွားလာရေးလွယ်ကူချောမွေ့ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

http://www.mdn.gov.mm/my/liungbhaimiunyttng-ngrckheaangphaakeraan-knkrcttnttaattccng-ttnnycheaakpiicii?fbclid=IwAR0VLVe43cIiLj8s0Be24I1GJ1mmxvdMwvst0uFxv8pW3Zk3eCPjZlfKy9M