(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပတ်ကျောကျေးရွာအုပ်စု ကုန်းကလေးကျေးရွာတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်နူးနူးအောင်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပတ်ကျောကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အင်ဂျင်နီယာ ဒေါ်ခိုင်ခင်ဦး၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်နူးနူးအောင်နှင့် ပတ်ကျော ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်(၁၇၂၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၆)ပေဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေ သော ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်း ထောက်ပံ့ ငွေနှင့် ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

ကရင်ပြည်နယ်