ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး ဂန့်ကော ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာဘဏ်နဲ့ အီတလီ ချေးငွေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ကျေးရွာတွေ ဖြစ်တဲ့ တင်တူ ကျေးရွာ၊ လင်းတကျင်းကျေးရွာ နဲ့ ပေါက်ချောင်း ကျေးရွာတွေကို စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်ကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြစန်းလင်း၊ ဆော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း၊ စီမံကိန်း တာဝန်ခံ ဒေါ်သီရိ ဇင်မင်းနဲ့ လက်ထောက်နည်းပညာမှူး ဦးသိန်းနိုင်ဝင်းတို့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးတယ်လို့ သိရပါတယ်။

ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၅၈ သိန်းနဲ့ ဆောက်လုပ်လျက် ရှိတဲ့ တင်တူ ကျေးရွာ ဘက်စုံသုံး ခန်းမ တိုးချဲ့ ဆောက်လုပ်ခြင်းကို ကြည့်ရှု စစ်ဆေးရာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၇၅ သိန်းနဲ့ ဆောက်လုပ်လျက် ရှိတဲ့ မင်းလှ ကျေးရွာ မူလွန်ကျောင်းဆောင်ကို ကြည့်ရှု စစ်ဆေးတာနဲ့ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၂၇ သိန်း ၅ သောင်းနဲ့ ဆောင်ရွက်လျက် ရှိတဲ့ သိုက်ချောင်းကျေးရွာ ဘက်စုံသုံး ခန်းမ ဆောင် ဆောက်လုပ်ခြင်းကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီးတော့ လုပ်ငန်းတွေ အပြီးသတ် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ ညွှန်ကြားမှုတွေ ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ တွေ့ဆုံ ခဲ့တဲ့ ကော်မတီဝင်တွေကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ Covid-19 သိထားရမယ့် အကြောင်းအရာတွေကိုလည်း ဆွေးနွေးမျှဝေခြင်း၊ သိုက်ချောင်း ကျေးရွာမှာ ရှိတဲ့ မီးဘေးသင့် အိမ်ခြေ ၁၃ အိမ်ကို အဝတ်အထည်တွေ အစားအစာတွေ ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ရှု့မောင်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank