လူထုဗဟိုပြုစီမံကိန်း သတင်းပြန်ကြား ဆက်သွယ်ရေး ပြခန်းများကို အထိမ်းအမှတ်နေ့များတွင် စီမံကိန်းအကြောင်းအများ ပြည်သူများပိုမိုသိရှိစေရန်နှင့် ဝန်ထမ်းများနှင့် ပြည်သူများ ထိတွေ့ဆက်ဆံမှု အားကောင်းလာစေရန် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ပြည်သူ့လူထုထံသို့ စီမံကိန်းအကြောင်း ထိထိရောက်ရောက် အသိပညာဖြန့်ဝေနိုင်စေရန် ရည်ရွယ်ပါသည်။
ပြခန်းအတွင်း စီမံကိန်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ စီမံကိန်းလုပ်ငန်းခွဲပုံစံငယ်များ၊ သတင်းပါရှိမှုများ၊ ကျေးရွာများမှ ရေးစပ်ထားသော စီမံကိန်းကဗျာများ၊ အောင်မြင်မှုအကြောင်း သတင်းများ၊ ရေသန့်စင်ရေးစနစ်များထည့်သွင်းပြသထားပြီး စီမံကိန်းနှင့်ပတ်သက်သော မေးခွန်းများမေး၍ ဖြေဆိုသူများအား စီမံကိန်းအမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်များ မဲဖောက် ပေးသည့်ကဏ္ဍအား ထည့်သွင်းထားပါသည်။ ပြခန်းကို ၄ ရက်တာကျင်းပရာတွင် စုစုပေါင်းလူဦးရေ ၁၀၀၀ ဦးရေ ခန့်တက်ရောက် ကြည့်ရှု့ခဲ့ပါသည်။