မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ပူတာအိုတွင် အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ တွင် ပူတာအိုမြို့ ရဝမ်ရိုးရာမနောကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ကချင်ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဌေးမြင့်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အရပ်ဖက် အဖွဲ့အစည်း များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဒုတိယနှစ် စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၏ အခြေအနေနှင့် နောင်နှစ်စက်ဝန်းအတွက် အကြံပြုချက်များကို ကော်မတီဝင်များက ဆွေးနွေးခဲ့သည်။ ထို့ပြင် တစ်နှစ်တာအတွင်း လုပ်ငန်းဆောင် ရွက်မှုကောင်းမွန်သော ကျေးရွာများကို ဆုချီးမြှင့်ရာမှာ ဖတ်မာဒီကျေးရွာက ပထမ၊ မကျော့ဝါကျေးရွာက ဒုတိယ၊ ပင်စင်ကျေးရွာက တတိယနှင့် ကျေးရွာအုပ်စုများအနေဖြင့် လန်းတောင်ကျေးရွာအုပ်စုက ပထမ၊ လုံရှာယန် ကျေးရွာအုပ်စုက ဒုတိယ၊ ဇီးအွန်ကျေးရွာအုပ်စုက တတိယ ဆုတို့ ရရှိခဲ့ကြသည်။

Putao NCDDP