အမျိုးသမီးများပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ ဆီဆိုင်မြို့နယ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်လျှက်ရှိသော

လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် အမျိုးသမီးများပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ဆီဆိုင်မြို့၊ အရိယာမဂ္ဂင် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဆီဆိုင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သွဲ့မာလာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်း နှင့် ဆီဆိုင်မြို့နယ် ရှမ်းလူငယ်ကွန်ရက်အဖွဲ့ (ဥက္ကဌ) စိုင်းပွန်းဟန်၊ လူထုဗဟိုပြုစီမံကိန်း

(မြို့နယ်နည်းပညာအကြံပေး) အဖွဲ့ခေါင်းဆောင် ဦးဟန်မင်းစိုး ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို

မေးမြန်းဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းဝန်ထမ်းများ

ကျေးရွာကိုယ်စားလှယ်များ၊ အမျိုးသမီးကွန်ရက်များ စုစုပေါင်း (၁၄၀) ခန့်တက်ရောက်ခဲ့ကြသည်။